OVERVIEW

What is SHICHIDA CLOUD?

BUILD A BRIGHTER FUTURE FOR YOUR CHILDREN


Shichida Cloud ဆိုတာကတော့ Shichida ကျောင်းများမှာ လူကိုယ်တိုင် ကျောင်းချိန်အတိုင်း တက်ရောက်ဖို့ရာ မလွယ်ကူသူတွေအတွက် အိမ်မှာနေရင်း Online မှတဆင့် လေ့လာနိုင်မယ့် Online Learning System တစ်ခုပါ။ ယခင် Shichida Class မှာတက်ရောက်သလိုပဲ အုပ်ထိန်းသူတစ်ဦးနဲ့ အတူ သင့်တင့်တဲ့ ကြာချိန်သာရှိမယ့် Video တွေကိုကြည့်ရှုပြီး Instruction အတိုင်း Activity/ Worksheetတွေ လိုက်လုပ်ရမှာ ဖြစ်ပါတယ်။
မိဘများအတွက်ပါ ထည့်သွင်းစဉ်းစားပြီး အသေးစိတ် စီစဉ်ရေးဆွဲထားတာမို့ အချိန်ကြာရှည်စွာ Mobile Device များကြည့်ရှုရင်း Screen Time များသွားမှာ စိုးရိမ်နေဖို့လည်း မလိုတော့ပါဘူး။
ကမ္ဘာ့ အကောင်းဆုံး Whole Brain Education စနစ်ကို အိမ်မှာနေရင်း လုံခြုံစိတ်ချ ဘေးကင်းစွာဖြင့် အပြည့်အဝ လေ့လာကာ မိမိကလေးအတွက် တောက်ပတဲ့ အနာဂတ်ကို လမ်းညွှန်ပေးနိုင်ဖို့ ယခုပဲ Enroll ပြုလုပ်နိုင်ပါပြီ။

WHO CAN ATTEND

  • အသက် ၁နှစ်မှ ၆နှစ်ခွဲ အတွင်း သားသားမီးမီးများ တက်ရောက်နိုင်ပါတယ်။
  • အဆင်ပြေလွယ်ကူစွာလေ့လာနိုင်ရန် Computer တစ်လုံးနှင့် ကလေးနဲ့အတူ စိတ်ပါဝင်စားပျော်ရွှင်စွာ လေ့ကျင့်သင်ကြားပေးမည့် အုပ်ထိန်းသူတစ်ယောက် ရှိဖို့သာလိုအပ်ပါတယ်။



WHAT WE OFFER


Shichida ကျောင်းတွင် တက်ရောက်ရသလိုပဲ တက်ရောက်မည့်ကလေးရဲ့ အသက်အရွယ်နဲ့ ကိုက်ညီအောင် အသေးစိတ်ပြင်ဆင်ထားသော Lesson Program များအတိုင်း Quality ပြည့်မီစွာ သင်ကြားပေးသွားမှာ ဖြစ်ပါတယ်။

. Shichida Myanmar ကျောင်းများတွင် လက်ရှိတက်ရောက်နေသော ကလေးများ အနေဖြင် ကျောင်းတွင် တက်ရောက် ပြီးသွားသော Lesson Program များအတိုင်း ဆက်လက်ပြီး လေ့လာသင်ယူနိုင်မှာ ဖြစ်ပါတယ်။

. သင်ထောက်ကူပစ္စည်းတွေ ထပ်မံဝယ်ယူပြင်ဆင်ရန် လိုအပ်မှာမဟုတ်ပဲ အထူးပြင်ဆင်ထားတဲ့ Lesson Worksheet တွေကို Enroll ပြုလုပ်ပြီး (၅)ရက်အတွင်းမှာ အိမ်တိုင်ရာရောက် အခမဲ့ ပို့ဆောင်ပေးသွား မှာပါ။

. ဓိမိ Account ကို ဝင်ရောက်ရမယ့် Login ID နှင့် password ကိုလည်း Lesson Worksheet တွေ နဲ့အတူ တပါတည်း ထည့်သွင်းပေးလိုက်မှာမို့ လက်ခံရရှိပြီဆိုတာနဲ့ သင်ခန်းစာတွေ စတင်လေ့လာနိုင်ပါပြီ။

. သင်ခန်းစာ Videoတွေကို တစ်ပတ်လျှင် ပုံမှန် အတန်းချိန် မိနစ်(၅၀)တွင် ပါဝင်သော Lesson Activities အားလုံးအပြင် အပိုဆောင်းထည့်သွင်းထားသော Activities videos များကို စုစည်း တင်ဆက်ပေးသွားမှာဖြစ် ပါတယ်။

. Lesson Videos များကို တစ်ပတ်အတွင်း မိမိစိတ်ကြိုက်အကြိမ်ရေ အကန့်အသတ်မရှိ လေ့လာကြည်ရှုနိုင် မှာပါ။ တစ်ပတ်ပြည့်သွားပြီဆိုရင်တော့ နောက်ထပ် Lesson Videos အသစ်များကို အလိုလျောက် Upload လုပ်ပေးသွားမှာ ဖြစ်ပါတယ်။

. မိမိကလေးရဲ့ ဖွံ့ဖြိုးမှုများ အခက်အခဲများ Parenting နှင့် ပတ်သတ်သော အကြံဥာဏ်များရယူနိုင်ရန် အတွက်လည်း Shichida ဖေဖေမေမေတွေ အကြိုက်ဆုံးဖြစ်တဲ့ မိမိ Instructor နဲ့ အသေးစိတ် ဆွေးနွေးနိုင်တဲ့ Online Discussion Time စီစဉ်ထည့်သွင်းထားတာမို့ ကျောင်းမှာ ကိုယ်တိုင်လာရောက်တက်နေရသကဲ့သို့ Service များ လုံခြုံစွာနဲ့ အပြည့်အဝရရှိသွားမှာ ဖြစ်ပါတယ်။

FEATURES




BENEFITS





SOCIAL MEDIA

                       

SIGN UP