FREQUENTLY ASKED QUESTION

SHICHIDA CLOUD User Guide

General FAQs

Shichida Cloud ကို ကလေးအသက်ဘယ်လောက်မှ ဘယ်လောက်အတွင်း ထားလို့ရပါသလဲ?

အသက် ၁ နှစ်မှ ၄ နှစ်ခွဲ အတွင်း သားသားမီးမီးများ တက်ရောက် နိုင်ပါတယ်။

ကျောင်းတွင်းလက်တွေ့သင်ကြားခြင်းနဲ့ Online မှ သင်ကြားခြင်း ဘယ်လောက်ကွာခြားမှုရှိပါသလဲ?

ကျောင်းတွင်းလက်တွေ့သင်ကြားသော activities များအတိုင်း Online Program တွင် ထည့်သွင်းထားသည့် အပြင် အပိုဆောင်း သင်ကြားရှင်းလင်းမှုများပါ ထည့်သွင်းထားပါတယ်။

ကျောင်းလခ Payment သွင်းပြီး ဘယ်လောက်အကြာမှာ စတင်လေ့လာရပါပြီလဲ?

Payment ပေးချေပြီး (၅) ရက်အတွင်းတွင် လိုအပ်သော Lesson Worksheet များနှင့် Login ID & Password ကို အခမဲ့အိမ်တိုင်ရာရောက် ပေးပို့ပေးသွားမည်ဖြစ်ပြီး လက်ခံရရှိတာနဲ့ Login Activate လုပ်၍ စတင်လေ့လာနိုင်ပါပြီ။

Discussion Time ကို အုပ်ထိန်းသူ တစ်ဦးထက်ပိုပြီး ဝင်ရောက် ဆွေးနွေးလို့ ရပါသလား?

ကလေး နှင့် နီးစပ်ပြီး ပုံမှန်သင်ကြားရေးတွင် ပါဝင်သူနှင့် ဆွေးနွေးမှု သည်သာ အကျိုးအရှိဆုံးဖြစ်ပါသည်။

ကျောင်းမှာသင်နေကျ Instructor ရဲ့ အတန်းကိုပဲ Shichida Cloud မှာလည်း ပြန်ထားပေးလို့ရပါသလား?

Activity အသီးသီးကို သက်ဆိုင်ရာ Instructor အသီးသီးမှ တာဝန်ယူ သင်ကြားပေးမည် ဖြစ်သဖြင့် ရွေးချယ်၍ မရနိုင်ပါ။ Discussion Time တွင်မှု မိမိ Instructor နှင့် သီးသန့် ဆွေးနွေးနိုင်ပါမည် ဖြစ်ပါသည်။

ကျောင်းဘက်ကပေးပို့သော Worksheets များ ပျောက်ဆုံး / ပျက်စီးသွားပါက အသစ်ထပ်မံ ဝယ်လို့ရပါသလား?

ဝယ်ယူလို့ရပါတယ်။ Worksheets အတွက် ကျသင့်တန်ဖိုး နှင့် ပို့ဆောင်ခကို တော့ ပေးဆောင်ရမှာဖြစ်ပါတယ်။ ပို့ဆောင်ပေးနေစဉ် အချိန်အတွင်း Lesson Video များသည် အပတ်စဉ်အလိုက် အလိုအလျောက်စနစ်ဖြင့် သွားနေမည်ဖြစ်ပြီးအစားထိုး စီစဉ်ပေးနိုင်မည် မဟုတ်ပါ။

Technical Support FAQs

Computer နဲ့ပဲအသုံးပြုလို့ရတာပါလား? တခြား Phone (သို့မဟုတ်) Tablet များဖြင့်ရော အသုံးပြုလို့ရပါသလား?

အသုံးပြုနိုင်ပါတယ်။ ကလေး အနေနဲ့ ရှင်းရှင်းလင်းလင်း ကြည့် ရှုလေ့လာနိုင်ရန်မြင်ကွင်းကျယ်သည့် Computer, Laptop များ အသုံးပြုခြင်းကတော့ အသင့်တော်ဆုံး ဖြစ်ပါတယ်။

Video များကို Download လုပ်ယူလို့ရပါသလား?

Download ပြုလုပ် သိမ်းဆည်း၍ မရနိုင်ပါ။ Copy Right Material များ ဖြစ်သည့်အတွက် Screen Capture ပြုလုပ်ခြင်းကိုလည်း ကန့်သတ်ထားပါတယ်။

အခက်အခဲတစုံတရာ ရှိပါက မည်သို့လုပ်ဆောင်ရမလဲ?

Shichida Hotline Number များဖြစ်သော
09 260 290003
09 260 290004
09 260 290005
သို့ ဆက်သွယ်ဤလည်းကောင်း၊ Shichida Facebook Messenger သို့ ဆက်သွယ် ၍လည်းကောင်း အကူအညီရယူနိုင်ပါတယ်။

အကြောင်းကြောင်းကြောင့်တစ်ပတ်အတွင်း Lesson Video မကြည့်ရှုလိုက်ရဘူးဆိုလျှင် ဘယ်လိုလုပ်ရပါမလဲ?

အလိုအလျောက်စနစ်က တစ်ပတ်ပြီး တစ်ပတ် Lesson Video တွေကို တင်ပေးနေမှာဖြစ်လို့ တစ်ပတ် (၇ ရက်) အတွင်း အချိန်မရွေးကြည့်ရှုနိုင်မှာဖြစ်ပါတယ်။ အစားထိုးပြန်ပေးလို့ မဖြစ် နိုင်တဲ့ အလိုအလျောက်စနစ်ဖြစ်တာကြောင့် တစ်ပတ်အတွင်း ကြည့်ရှုဖို့ တိုက်တွန်းလိုပါတယ်။

SOCIAL MEDIA

                       

SIGN UP